Wild Dog Design

Wild Dog Design

Wild Dog Design သည် နိုင်ငံတကာဆုတံဆိပ်များရရှိထားပြီးဗြိတိန်နိုင်ငံတွင်အခြေစိုက်သော အမှတ်တံဆိပ်ကြော်ငြာခြင်းဒီဇိုင်းများ၊ ခေတ်မီ ၀က်ဘ်ဆိုက် ဒီဇိုင်း၊ ကတ်တလော့များ နှင့် ကြော်ငြာခြင်း များတွင်အထူးကျွမ်းကျင်သော ဒီဇိုင်းအေဂျင်စီ ဖြစ်ပါသည်။

အေဂျင်စီအား၁၉၉၆ ခုနှစ်မှစတင်တည်ထောင်၍ နှစ်ပေါင်းများစွာအတွင်း ဗြိတိန်ဒီဇိုင်းတန်ဖိုး အားအသိအမှတ်ပြု ့ပြီး  မိမိတို ့အဖွဲ ့အစည်း၏ ထုတ်ကုန်များအပေါ်စိတ်အားထက်သန်သော ကျွမ်းကျင်နိုင်ငံတကာ ကုမ္ပဏီများစွာ ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရှိခဲ့ပါသည်။ အဖွဲ ့အစည်း တစ်ခုအနေဖြင့် ၊ စျေးကွက်မြှင့်တင်ရေး နှင့် ဆက်ဆံရေး လိုအပ်ချက်များအတွက်အကောင်းဆုံး အမှတ်တံဆိပ် နှင့် အွန်လိုင်းစာမျက်နှာများ၏ ဖြေရှင်းချက် အတွက်၊ Wild Dog Design အနေ ဖြင့် ကူညီရန် နှင့် အကြံဉာဏ်ပေးရန် အသင့်ရှိပါသည်။

နိုင်ငံတကာလုပ်ငန်းရှင်များနှင့်လက်တွဲလုပ်ကိုင်ပြီး၊ကျွန််တော်တို ့တွင်များစွာသောဒီဇိုင်းအတွေ ့အကြုံများ နှင့် ထူးခြားသောဗဟုသုတများကတော့ -

  • ကျွမ်းကျင်ခရီးသွားစျေးကွက်၊ အပြင် ခရီးသွားလုပ်ငန်း နှင့် ခရီးစဉ် စျေးကွက်မြှင့်တင်ရေး
  • အဆင့်အတန်းမြင့်အဆောက်အအုံ ဆောက်လုပ်ရေး အမှတ်တံဆိပ်၊ ကတ်တလော့ နှင့် ခေတ်မီဝက်ဘ်ဆိုက်ဆောက်လုပ်ရေး
  • စီးပွားရေးလုပ်ငန်းချင်းဆက်ဆံရေး နှင့် စျေးကွက်မြှင့်တင်ရေး
  • နာမည်ကြီးဗြိတိသျှလွတ်လပ်သောကျောင်းများမှ နော်ဝေးနိုင်ငံရှိ တက္ကသိုလ်များ အထိ ပညာရေးအဖွဲ ့အစည်းများ
  • အစိုးရမဟုတ်သောအဖွဲ ့အစည်းများ နှင့် နိုင်ငံတကာထောက်ပံ့ရေးအဖွဲ ့အစည်းများ
  • ဗြိတိသျှအမျိုးသားကျန်းမာရေးဝန်ဆောင်မှု ့လက်အောက်တွင်ရှိသော အစိုးရကျန်းမာရေးအဖွဲ ့အစည်းများ

အမျိုးမျိုးသောစီမံကိန်းများ အချို ့ ရှုပ်ထွေး၍ အရွယ်အစား ကြီးမား သောစီမံကိန်းများနှင့်လက်တွဲလုပ်ကိုင်ခဲ့ဖူးသော် လည်း ကျွန်တော်တို့့သည် ရင်းနှီးဖော်ရွေသော ဒီဇိုင်းအေဂျင်စီလေးတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့့အနေဖြင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များ ကို မှန်ကန်စွာ နားထောင်လေ့လာ၍ အထိရောက်ဆုံး နှင့် ဖန်တီးမှု ့အကောင်းဆုံး သော ဖြေရှင်းချက်ကို ပေးအပ်ပါသည်။ ကျွန်တော်တို့အား ၀န်ဆောင်မှု ့ပေး အပ်ရန်ရွေးချယ်ပါက၊ Wild Dog Design ရှိတစ်ဦးချင်းစီသည်ခင်မင်ဖော်ရွေသော၊ ဖန်တီးမှု ့ကောင်းသော၊ ကျွမ်းကျင်ပြီး အသေးစိတ်လေ့လာရန်အာရုံစိုက်ခြင်း များအားတွေ ့ရှိရမည်ဖြစ်ပါသည်။

အေဂျင်စီအား အလုပ်အပ်သောလုပ်ငန်းရှင်များသည် ယူကေနိုင်ငံ၊အာရှ၊ ဥရောပ၊ အိန္ဒိယ၊ အာဖရိက နှင့် အမေရိကားမြောက်ပိုင်း တစ်လွှားတွင်တည်ရှိပါသည်။

ကျွန်တော်တို့့ဖန်တီးထားသော နမူနာပုံစံများအားကြည် ့ရူ ့၍ ကျွန်တော်တို ့အနေဖြင့်ဝန်ဆောင်မှု့ပေးနိုင်ရန်လည်းကြားသိပါရစေ။

မိုက်ကယ်စီ ဟယူးစ်
အုပ်ချုပ်မှု့ဒါရိုက်တာ နှင့် တည်ထောင်သူ
Wild Dog Design